ရသေ့တောင်မြို့ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက်  ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ်မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရသေ့တောင်  ဇန်နဝါရီ  ၁၉

ရခိုင်ပြည်နယ်  ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉နာရီကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရသေ့တောင်မြို့‌နယ် ‌‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ရှေ့တန်း အမှတ်(၂၂)၊ ခြေလျှင်တပ်မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးသက်ထွေး တက်ရောက်ပြီး ရသေ့တောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသောကဏ္ဍဆိုင်ရာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက်ပူးပေါင်းလုပ်ဆောင်ကြရန်  အိမ်ထောင်စုစာရင်းကောက်ယူရာတွင် စာရင်းအမှန်ရရှိရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအမျိုးအစားအလိုက် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်  ဆောင်ရွက်ကြရန်၊မြို့နယ်စည်ပင်သာယာလှပရေးတွက် သက် ဆိုင်ရာဌာနဆိုင်ရာများမှ ပူပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကိုမှာကြားခဲ့ပါသည်။

ယင်းနောက်မြို့ နယ်စီမံအုပ်ရေးကောင်းစီအဖွဲ့ဥက္ကဋ္ဌဦးနိုင်လင်းထက်မှ မြို့နယ်အတွင်းရှိ ကိုဗစ် -၁၉ ကာကွယ်ဆေး ကျောင်းသား/ ကျောင်းသူများ ဆေးထိုးနှံမှုအခြေအနေတို့ကိုပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အသက်အရွယ်အလိုက်ထိုးနှံပြီးစီးမှုအခြေအနေနှင့် ဌာနဆိုင်ရာများပူးပေါင်းလုပ်ဆောင်ရာတွင် ယခုထက်ပိုမိုအင်တိုက်အားတိုက်လုပ်ဆောင်ကြရန် တို့ကိုလည်းပြောကြားခဲ့သည်။ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး ဦးရွှေသာမှလည်း (Working Group) မြေပြင်ကွင်းဆင်းကောက် ယူမှုအခြေအနေနှင့် ပတ်သက်၍ရှင်းလင်းပြောခဲ့သည်။

ယင်းနောက်ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ်မဌာနချုပ် ၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမှ ဌာနဆိုက်ရာအချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့်မြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများမှလုပ်ငန်းများဆောက်ရွက်ထားရှိမှုအပေါ်အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)