ကျိန္တလီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်

ကျိန္တလီ ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ကျိန္တလီမြို့ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခင်မောင်ညို ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယခုအချိန် ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှချမှတ်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ထားရှိကြရန်၊ မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ ပုဂ္ဂလိကရုံးများ၌ထားရှိရန် လိုအပ်သည့်ပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန်လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များအား ပြည်သူများသိရှိနိုင်ရန် အသိပေးလိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)