မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ ကျင်းပ

မက်မန်း ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်၌ မက်မန်းမြို့(အ.ထ.က)ကျောင်းတွင် ပညာရေးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်တို့က ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စု၏ အနှစ်သာရ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့ကို စဉ်ဆက်မပျက် တန်ဖိုးထား ထိန်းသိမ်း ရမည်မှာ အနာဂါတ်လူငယ်များ၏ တာဝန်ဖြစ်ကြောင်း စသည်ဖြင့် ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်၊။

ပန်းကျင် (ခရိုင်၊ ပြန်/ဆက်)