ပုဏ္ဏားကျွန်းမြို့၌သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ  အိမ်တိုင်လာရောက်ထောက်ပံ့ပေးအပ်

ပုဏ္ဏားကျွန်း  ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွက် အသက်(၈၅)နှစ်နှင့် အထက်ရှိသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များသို့ အိမ်တိုင်လာရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်း နှင့်အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များ မိခင်နှင့်ကလေးအသင်းဝင်များနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ၂၀၂၂ ခုနှစ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်ခံစားခွင့်ရှိသောအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်လာရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးရာတွင် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်တွင်  ၆၀ ဦး၊ မြို့သစ်ရပ်ကွက်တွင် ၁၈ ဦး၊ ရွာဟောင်းရပ်ကွက်တွင် ၂၅ ဦး၊ အလယ်စုရပ်ကွက်တွင် ၆ ဦး၊ စုစုပေါင်း (၁၀၉) ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)