လိပ်သို ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျောင်းသား/ကျောင်းသူများအား တီထွင့်ကြံဆတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ “ စာဖတ် ရှိန်မြှင့်တင်ရေးအတွက်” ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းသို့ ပုံမှန်လာရောက်လေ့လာကြသည့် လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်မှ ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်နှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လက်မှုပညာတိုးတက်စေပြီး ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပဟေဠိပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များပေးအပ်ခြင်း၊ အဟာရမုန့်များကျွေးမွေးခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)