နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ဌားရမ်းဖတ်ရှုသူ နေ့စဉ်များပြား

နမ့်ဆန် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်များကို ဌားရမ်းပေးလျက်ရှိရာ နေ့စဉ်စာကြည့်တိုက်တွင် လာရောက်ဌားရမ်းဖတ်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။

စာကြည့်တိုက်တွင် စာအုပ်လာရောက်ဌားရမ်းသော ကျောင်းသား/သူများကို တစ်ဦးလျှင် (၃)အုပ်နှုန်း ဌားရမ်းပေးသည့်အပြင် အသိပညာဗဟုသုတတိုးပွားစေရန် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူခေါက်ခြင်းများနှင့် ဟောပြောပွဲများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)