ကျောက်တော် ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အထကကျောက်တော်မှ ကျောင်သူလေးများမှ "မဟာနွယ်" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူ ဦးသိန်းမြိုင်က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၏ ကြိုးစားအားထုတ်မှု၊ စည်းကမ်းတကျလုပ်ဆောင်နိုင်မှုကြောင့် ထူးချွန်ထက်မြက်သောကျောင်းသား/ ကျောင်းသူများပေါ်ထွက်လာခြင်းဖြစ်ပြီး ယခုထက်ပိုမို၍ ဆက်လက်ကြိုးစားသွားကြရန် ရှင်းလင်းမှာကြားခဲ့သည်။
ထို့နော က်၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ဘက်စုံထူးချွန်ဆုရရှိသူများ၊ မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ခရိုင်အဆင့်နှင့်မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆို က ရေး တီးပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးသည်။ ထို့နောက် အထက(ခွဲ)ရှမ်းရွာကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဗျာလ်တေးသီချင်းအကဖြင့်လည်းကောင်း၊ အခြေခံပညာ(မူလွန်)ပိုက်သည်ကျောင်းမှ ကျောင်းသူလေးများက "ဘေဒါဝီ"တေးသီချင်းစသော အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ထက်၊ လယ်၊ မူ ကျောင်းများမှဆရာကြီး/ ဆရာမကြီးများနှင့်ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ကြပြီး အခမ်းအနားကို အ.ထ.က(ကျောက်တော်)ကျောင်းသား/ကျောင်းသူများက ဇာတီမာန်တေးသီချင်းဖြင့် သီဆိုပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း