မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဒေသဖွံ့ဖြိုးရေးတည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မောင်တော  ဇန်နဝါရီ   ၁၄

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်နေမှု အခြေအနေများအား  ယမန်နေ့ နံနက်ပိုင်းက မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ 

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် မောင်တောမြို့နယ် အတွင်းရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများအနက် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစိစစ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးမောင်အေးသိန်းက  တည်ဆောက်ရေးလုပ်ငန်းများ၏ ခွင့်ပြုရန်ပုံငွေများနှင့် လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ  စိစစ်ရေးကော်မတီဝင်များမှ ပဏာမစိစစ်တွေ့ရှိမှု အခြေ အနေများ တင်ပြခဲ့ကြသည်။ 

ထို့နောက် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများသည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း  ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများအနက် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ပြည့်ဆန္ဒကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၅၈.၅၆၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝေသာလီအလယ်လမ်း ကွန်ကရစ်ခြင်းလုပ်ငန်း၊ Golden Kabar ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၁၈.၅၉၃ သန်းဖြင့် ဆောင်ရွက် လျက်ရှိသည့် ဝေဘာဂီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဗိုလ်မှူးရွာသွားလမ်း ကွန်ကရစ် ခြင်းလုပ်ငန်း၊ Akyab Clay ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၂၅.၁၄၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကမ်းနားလမ်း ဖြတ်လမ်းကွန်ကရစ်ခြင်းလုပ်ငန်း နှင့် အလောင်းဘုရား လမ်းဘေးကျောက်စီရေမြောင်း၊ ရေမြောင်းကွန်ကရစ် အဖုံးပြုလုပ်ခြင်းလုပ်ငန်း၊  နန်းပန်းလှိုင်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၂၇၇.၅၇၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မောင်နီရွာသွားလမ်း အပိုင်း(၁) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊  ရွှေမြအောင်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၄၂.၁၁၂သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် လသာရွာသွားလမ်းအပိုင်း (၁)ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ကာလဘဏ္ဍာရေးနှစ်အတွင်း စံချိန်၊ စံညွန်းအရည်အသွေး ပြည့်မှီစွာဖြင့်  အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ ဆက်)