ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာ အောင်ကျော်မင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့သူအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်း

စစ်တွေ ဇန်နဝါရီ  ၁၄

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာ အောင်ကျော်မင်းသည်  ဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ ကြွရောက်နေရာယူပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အားဖတ်ကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာ အောင်ကျော်မင်းက ပြည်နယ်မှ သီရိပျံချီဘွဲ့ ရရှိသည့် ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးစံကျော်လှအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ဆုတံဆိပ်အား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ပြည်နယ်အစိုးရအဖွဲ့မှ တည်းခင်းဧည့်ခံသည့် နံနက်စာအား အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။ 

တင်ထွန်း(ပြန်/ ဆက်)