မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

မာန်အောင် ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါကျောင်း၌ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလွင်ကပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ကျောင်းသား/သူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံဖြိုးတိုးတက်ရေးနှင့် စပ်လျဥ်း၍ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းမှ ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ကျောင်းသား/ကျောင်းသူများဘက်စုံ ထူးချွန်ရေး ဆရာ၊မိဘ၊ကျောင်းသားများက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ပညာသင်နှစ်ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့်  ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြပြီး ကျောင်းသား/ ကျောင်းသူများက တေးသရုပ်ဖော်အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)