ရသေ့တောင်မြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း( Booster dose)ထိုးနှံ

ရသေ့တောင်    ဇန်နဝါရီ     ၁၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါထပ်ဆောင်း (Booster dose) ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြသည်။

ထိုသို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပြီးမှာသာလျှင် ဆေးကိုစနစ်တကျ ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးပြီးနောက် မိနစ် ၃၀ ခန့်အနားယူစေပြီး ကျောင်းသား၊ကျောင်းသူ ကလေးများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)