မင်းပြား ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က မင်းပြားမြို့ အခြေခံပညာအမှတ် (၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာ အမှတ် (၁) ကျောင်းအုပ်ဆရာကြီးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ကျောင်းသူ/ကျောင်းသားများ ဘက်စုံထူးချွန်ရန်အတွက် မိဘ၊ဆရာ၊ကျောင်းသားများ ပူးပေါင်းဆောင်ရွက်ရန်လိုပြီး မိမိတို့ကျောင်းမှ ဆရာ/ဆရာမများ ကြိုးစားအားထုတ်မှု၊ စည်းကမ်းပြည့်ဝမှုကြောင့် ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာခြင်းဖြစ်ပြီး ယခုပိုမို၍ ဆက်လက်ကြိုးစားရန်လိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အခြေခံပညာ အမှတ်(၁) ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ကြပြီး စည်းလုံးခြင်းသီချင်း၊ ရခိုင်ရိုရာ အကပဒေသာများဖြင့် ဖျော်ဖြေကြကြောင်း သိရသည်။
သိန်းနုအောင်