ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

ပေါင် ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ်ကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် သထုံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုသည့် အကြောင်းအရာများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီးနောက် မိမိတို့ဌာနအနေဖြင့် အချိန်မီထောက်ပံ့ရေးလုပ်ငန်းတွေကို ပြုလုပ်ပေးသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် (Talk Show) ပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာများတိုးပွားစေရန် ရည်ရွယ်ပါသည်။

မြို့နယ် (ပြန်/ဆက်)