ရသေ့တောင် ဇန်နဝါရီ ၆
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌မြို့ပေါ် (၅)ရပ်ကွက်အတွင်းရှိ မွေးကင်းစမှအသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးပေးရာတွင်မွေးစမှ အသက်တစ်နှစ်အောက် ကလေးများအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့- ကြက်ညှာ- မေးခိုင် - အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးရက်များအလိုက် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ အကြိမ်ရေအလိုက် ထိုးနှံပေးလျက်ရှိကြောင်းမိခင်နှင့်ကလေးကျန်းမာရေးဌာန မှဆရာမဒေါ်မနုစိန်ထံမှသိရသည်။
ထွန်းလင်းကျော်( ပြန်/ဆက်)