မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်  ခရိုင်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြောက်ဦး ဇန်နဝါရီ ၆

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအ ဝေး ခန်းမ၌  ယမန်နေ့လယ် ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ ပွင့်လန်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရုံးဌာနများ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးများ ထားရှိမှု အခြေအနေတို့နှင့် မီးသတ်ဆေးဘူး သုံးစွဲပုံ အဆင့်ဆင့်တို့ကို ဌာနဆိုင်ရာများရှိ ရုံးဌာနများကို ကွင်းဆင်း၍ ဆောင်ရွက်ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း အခြေခံပညာကျောင်းများရှိ ကိုဗစ်ကာကွယ်ဆေးမထိုးနှံ ဘဲကျန်ရှိနေသော ပြည်သူများအား ဆက်လက်ထိုးနှံကြရန် စသည်တို့ကို ပြောကြားခဲ့ပြီး နောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း မြို့ပေါ်ရပ်ကွက်များ ရှိပြည်သူများအား ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူတို့ သိရှိနိုင် ရန်အတွက် အသိပညာပေးလုပ်ငန်းများ  လုပ်ဆောင်ကြရန်တို့ကို ပြောကြားခဲ့သည်။ပြီးနောက် ခရိုင်အဆင့် ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း  သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်( ပြန်/ဆက် )