ရသေ့တောင်မြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေး

ရသေ့တောင် ဇန်နဝါရီ  ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀နာရီ အချိန်က ရသေ့တောင်မြို့  အရှေ့မြောက်ရပ်ကွက်  မင်းဘာကြီးလမ်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း မီးသတိမူရေး စစ်ဆေးအကြံပေးကြသည်။

ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးမျိုးလင်းကျော်နှင့် တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း အကြံပြု စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင် တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ် ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန်၊ စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။

ထို့ပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ပြောကြားကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)