ပေါက်တောမြို့၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာ ရုံးများသို့ ကွင်းဆင်းစစ်ဆေး

ပေါက်တော ဇန်နဝါရီ ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ရုံးများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို  မြို့နယ်မီးသတ်ဦးစီးဌာနမှ  ယနေ့ နံနက် ၁၁ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်စခန်းမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်လဝကရုံးနှင့် ဥပဒေရုံးများသို့  သွားရောက်ကာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြမှုနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေး စီမံချက်များ ရေးဆွဲထားရှိရေး ၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ ၊ မီးပလပ်/ ခလုတ်အား ဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး ၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေပုံးများ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့်  မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်နိုင်ရေးအတွက်အရေးပေါ် ထွက်ပေါက်များထားရှိရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန် ရှောင်ရန်များ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေးတို့ကို အကြံပြုလမ်းညွန် မှာကြားခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)