လားရှိုးမြို့တွင် လူငယ်စကားဝိုင်းကျင်းပ

လားရှိုး ဇန်နဝါရီ ၆

လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအသိပညာဗဟုသုတများပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝင်းနိုင်အောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇန်နဝါရီလ(၃)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)တို့က နှုတ်ခွန်းဆက်စကား ပြောကြားကာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ကြသည်။

ထို့နောက် ဝင်းနိုင်အောင်မြေကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသား/ ကျောင်းသူ(၈)ဦးတို့မှ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူများ၊ တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး