မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဘူးသီးတောင်မြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မောင်တော  ဇန်နဝါရီ  ၅

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့တွင် ဒေသဖွံ့ဖြိုးရေးနှင့် ဌာနဆိုင်ရာများ၏ ရုံးများအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား  ယမန်နေ့ နံနက်ပိုင်းက မောင်တော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျန်အေး နှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ 

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများသည်  ဘူးသီးတောင်မြို့နယ်အတွင်းရှိ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်သည့် Silver Flower House  ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၂၅၅.၄၃၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ၄ ခန်းတွဲ ၂ ထပ် မီးသတ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းနှင့် လုပ်ငန်းလက်ကျန် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ သိန်းရွှေဇင် ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၈၁.၀၀ သန်းဖြင့် ဆောင်ရွက်သည့် ရွှေဗိမာန်ဘုန်းတော်ကြီးကျောင်း အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မေယုအားမန် ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၃၆.၃၁၅ သန်းဖြင့် ဆောင်ရွက်သည့် မျိုးစေ့ဂိုဒေါင်ဆောက်လုပ်ခြင်းလုပ်ငန်း ၊ စိုင်းဒင်အားမန် ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၂၆.၀၀ သန်းဖြင့် ဆောင်ရွက်သည့် ပြည်သူ့ဆေးရုံ သိုလှောင်ရုံ ၊ ရင်ခွဲရုံ နှင့် ဆက်စပ်လုပ်ငန်းများ ၊ ထူးအေးရိပ် ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၇၅.၆၀ သန်းဖြင့် ဆောင်ရွက်သည့် ဇီဝကလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၊ စိန်စီသောလမ်း ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၅.၀၀ သန်းဖြင့် ဆောင်ရွက်သည့်  အားကစားခန်းမအနီး ရေစင်တည်ဆောက်ခြင်းလုပ်ငန်း ၊ လမင်းဟိန်း ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၃၅.၀၀ သန်းဖြင့် ဆောင်ရွက်သည့်   စိုက်/ဘဏ်အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်း ၊ စိုင်းဒင်အားမန် ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၆၃.၂၀၀ သန်းဖြင့် ဆောင်ရွက်သည့် မေဃဝတီလမ်းကွန်ကရစ်ခင်းခြင်းနှင့် Box Culvart  ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလ ဘဏ္ဍာရေးနှစ်အတွင်း စံချိန်၊ စံညွန်း အရည်အသွေး ပြည့်မှီစွာ ဖြင့် ဆောင်ရွက်ကြရန် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)