အမ်း ဇန်နဝါရီ ၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်က အချိန်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညားပေး ဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက် ဦးဆောင်၍ သင်တန်းသူများ အတတ်ပညာများအပြင် အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ကျင်ပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးက အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှဒုရဲမှူး တင်ထွန်းမင်းက လူကုန်ကူးမှုတား ဆီးကာကွယ်ရေး အ ကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ အမှတ် (၂၁) ယာဉ် ထိန်းရဲတပ်ဖွဲ့စု၊ အမ်းယာဉ်ထိန်းရဲတပ် ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူးဒုရဲအုပ် သန့်ဇင်ဦးက ယာဉ်စည်း ကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများ၊ မြို့ နယ်ဆေးရုံအုပ် ဒေါက်တာအောင်ကျော်မိုးက ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းထွန်းက မီးဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ဟောပြော ဆွေးနွေးကြခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဟောပြောပွဲသို့ တက်ရောက်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)