ဂွ ဇန်နဝါရီ ၆
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် စာငှား/စာဖတ် ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရုံးဌာနများအရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ ငှားရမ်းပေးရာတွင် သုတ၊ ရသ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များကို အမက(မူလွန်) ကင်းရုံး(၂)၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာနနှင့် အမှတ်(၈၅) သစ်စက်သို့ တစ်ပတ်လျှင်တစ်ရက် ငှားရမ်းပေးပြီး တစ်ပတ်ပြည့်လျှင် ပြန်လည် လဲလှယ် ငှားရမ်းပေးသည့်စနစ်ဖြင့် (အခမဲ့)ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေရည်ဝင်းကျော်