မြောက်ဦး ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဌာနပေါင်းစုံ ဗိုလ်လုပွဲ ပိုက်ကျော်ခြင်း ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ထမ္မရာဇ်ရပ်ကွက် မင်းစောမွန်အားစကားအတွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဌာနပေါင်းစုံ ဗိုလ်လုပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ကျင်းပပြီးနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော မြန်မာ နိုင်ငံရဲတပ်ဖွဲ့အသင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး ဆုချီးမြှင့်၍ ဒုတိယဆုရရှိသော မီးသတ်တပ်ဖွဲ့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှလည်းကောင်းစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးကျော်မင်းနိုင်ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှလည်းကောင်း ဒုတိယဆုရရှိသော ကျေးလက်ဒေသဦးစီးဌာနမှ ဦးကျော်နိုင်စိုးကို လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်းမှ ခရီုင်ဦးစီးမှူးတို့ မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးကြသည်၊၊
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားစကားအသင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)