မအီ ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အထက်တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် (၇၅)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ မြရတနာခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အ ထ က မအီကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြား၍ ပဒေသာကပွဲအစီအစဉ်ကို Grade-7 ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖွင့်လှစ်သီဆိုဖျော်ဖြေခဲ့ကြပြီး မြန်မာ့ယဉ် ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ် အကအလှများဖြင့် ကျောင်းသား/ကျောင်းသူလေးများ၏ ကပြသီဆို ဖျော်ဖြေမှုများကို အစီ အစဉ်(၁၄)ခုနှင့် ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကာယဉာဏအား ကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့် (၄၈) နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများကိုလည်း တစ်ပါတည်း ဆုချီးမြှင့်ပေးခြင်းဖြစ်ပြီး ဆုများကိုအခမ်းအနားသို့ တက်ရောက် အားပေးခဲ့ကြသည့် မအီနယ်မြေခံတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး မြင့်ဇော်ထွန်း၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမိသားစုမှ ဆရာ/ဆရာမများက ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းနှင့် ချီးမြင့်ပေးခဲ့သည့် ဆုများ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်(၂၉၅၀၀၀) ကျပ်ကို ချီးမြှင့်ပေခဲ့ခြင်းဖြစ်ကြောင်းအဆိုပါ ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းကသိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)