ရသေ့တောင်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရသေ့တောင် ဇန်နဝါရီ 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဇန်နဝါ ရီလ ၄ ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ထိမ်းအမှတ် ဖူဆယ်ဘောလုံးဘောလုံးပြိုင် ပွဲနှင့်အားကစားပြိုင်ပွဲများတွင် ဆုရရှိသောအားကစားသမားများအား ဆုပေးပွဲအခမ်း အနားကို ယနေ့ညနေ ၅ နာရီအချိန်တွင် မြို့မအားကစား ကွင်း ၌ ကျင်းပခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အမှာစကား ပြောကြားရာတွင်ပြိုင်ပွဲဝင် လူငယ်အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးကြစေရန်၊ မြန်မာ့ အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲ များကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် နေမျိုးလင်းအသင်းနှင့် ဒုတိယဆုရရှိသည့် IC အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်းလင်းထက်က ဆုချီးမြှင့်ပြီ၊ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် Star Club အသင်းနှင့် ဒုတိယဆု ရရှိသည့် တပ်မ ၂၂ အသင်းတို့အား ရဲမှူးသက်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးကဲများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)