လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “လူကုန်ကူမှုအန္တရာယ် တားဆီးကာကွယ်ရေး” အသိပညာပေးဟော ပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို  ဇန်နဝါရီ  ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား  လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများအကြောင်းကို အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူကုန်ကူးမှုဖြစ်ပေါ်လာပုံ တွန်းအားပေးချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားမှုအခြေအနေ၊မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄) ရပ်၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရ သူများ ရရှိနိုင်သော ဆိုးကျိုးများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် လူကုန်းကူးမှုအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ဒေသနေပြည်သူများနှင့်ကျောင်းသား/ ကျောင်းသူ လူငယ်လေးများအား အကျယ်တဝင့် သိရှိစေရေးအတွက် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးပြသထားကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)