မာန်အောင် ဇန်နဝါရီ ၅
ရခိုင်ပြည်နယ် မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စျေးတန်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ ညနေ ၆ နာရီက ကျင်းပခဲ့သည်။
ရှေ့ဦးစွာအ-ထ-က(ခွဲ)စျေးတန်းကျောင်းအုပ် ဆရာကြီးဦးမြင့်လွင်မှ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်တွင် ပညာရေးဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရည်ထူးချွန်ဆုများချီးမြှင့်ပေးအပ်ရာ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူ ကျောင်း သား/သူများ၊ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိအောင်သင်ကြားပြပေးသော ဆရာ/ဆရာများ၊ နိုင်ငံတော်အထိမ်းအမှတ် နေ့ရက်များတွင် စာစီစာကုံးပြိုင်ပွဲမြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်များတွင် ဆုရရှိသူကျောင်းသား/သူများအား ကျောင်းအုပ်ဆရာကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးချီမြှင့်ခဲ့ကြသည်။
ထို့နောက်ပညာရေးစုံညီပွဲတော်ကို ဆက်လက်ကျင်းပရာကျောင်းသား၊ ကျောင်းသူများကအကပဒေသာများဖြင့် ကပြဖြေဖျော်ခဲ့ကြကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)