ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပေါက်တော ဒီဇင်ဘာ ၃၀

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ပေါက်တော မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန်၊ ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိသော ကျောင်းသား၊သူများအား တာဝန်ရှိသူများက ဆုများအသီသီးပေးအပ်ချီးမြှင့်ကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)