ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအမျိုးသား/ အမျိုးသမီး  အလွတ်တန်းဘော်လီဘောပြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  တက်ရောက်အားပေး

ရမ်းဗြဲ   ဒီဇင်ဘာ     ၃၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌   (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအမျိုးသား/အမျိုးသမီးအလွတ်တန်းဘော်လီဘောပြိုင်ကို ယနေ့နံနက် ၇ နာရီက ရမ်းဗြဲမြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များက တက်ရောက်အားပေးကြသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား (၆)သင်း အမျိုးသမီး (၄) သင်း တို့မှ ပါဝင်ယှဉ်ပြိုင်ကြရာပထမပြိုင်ပွဲအဖြစ် ဟိန်းလင်းအောင်ခေါင်းဆောင်သောအသင်းနှင့် မောင်ခင်ရွှေ ခေါင်းဆောင်သော အသင်တို့ကစားခဲ့ကြရာ ဟိန်လင်းအောင်အသင်းမှ (၃)ပွဲပြတ် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲအဖြစ် ဆက်လက်၍ ရဲနိုင်ဝင်းအသင်းနှင့် ပိန်ကျော်ခေါင်းဆောင်သောအသင်းတို့မှ ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။

ထိုပြိုင်ပွဲကို (၃၀-၁၂-၂၀၂၂) ရက်နေ့မှ (၃-၁-၂၀၂၃)ရက်နေ့ထိကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်စွဲသောအမျိုးသးအသင်းနှင့် အမျိုး သမီးအသင်းတို့အား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)