မောင်တော ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသောအသင်းအဖွဲ့များအား ၃ လ တစ်ကြိမ် ငွေစာရင်းရှင်းတမ်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်တွင်ပါဝင်သည့် အကြောင်းအရာများ၊ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များ၊ အသင်းအဖွဲ့များအနေဖြင့် ဥပဒေကို သိရှိလိုက်နာပြီး ဥပဒေနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့်အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား စသည့်တို့ကို ရှင်းလင်းတင်ပြကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော ရှေ့နေများကောင်စီအသင်းနှင့် အသင်းအဖွဲ့ဝင်များက အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအကြောင်းအရာများ၊ အသင်းများ၏ ၃ လပတ် ငွေစာရင်း ရရှိ၊ သုံးစွဲ၊ လက်ကျန်များနှင့် အသင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးတင်ပြကြရာ လိုအပ်သည်များကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)