ပေါက်တောမြို့ရှိ မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ရုံး ဆောက်လုပ်ရန် မြေနေရာ ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေး Cross Check စနစ်ဖြင့် ပြုလုပ်ထားရှိမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပေါက်တော  ဒီဇင်ဘာ  ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့ရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံး ဆောက်လုပ်ရန် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြောကြားကြသည်။

ထို့နောက် ရခိုင်ပြည်နယ် ပေါက်တောမြို့၌ အချိုးကျကိုယ်စားပြုစနစ် (PR System)နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် ရခိုင်ပြည်နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား Cross Check စနစ်ဖြင့် စိစစ်သန့်စင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံက ရွေးကောက်ပွဲ ကျင်းပရာတွင် ကျင့်သုံးမည့်စနစ်များ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး  အခြေခံလူဦးရေ စာရင်းမှ စာရင်းများ နှစ်ကြိမ် ထပ်နေမှုများကို Cross Check စနစ်ဖြင့်  စိစစ်သန့်စင်ခြင်းလုပ်ငန်းအကောင်ထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာများ၊ စိစစ်သည့် လူဦးရေ၊ စိစစ်တွေ့ရှိသည့် အကြိမ်ထပ်လူဦးရေ တွေ့ရှိမှု အခြေအနေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များ၊ ဥပဒေပါမဲစာရင်းပြုစုခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ စသည့်တို့ကို Power Point  ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။

ဆက်လက်ပြီး ကွန်ပျူတာဆော့ဝဲလ်အသုံးပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြားထပ်နေသူများ၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ၊မပြည့်စုံသူများ၊ အသက် ၁၈ နှစ်နှင့် အထက်/ အောက်ရှိသူများ၊ မွေးသက္ကရာဇ် မပြည့်စုံသူများ၊ မွေးရက်၊ မွေးလ ထပ်နေသူများ စသည့်တို့ကို Cross Check စနစ်ဖြင့်စစ်ဆေးနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ညိုနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေးစာရင်မှ စာရင်းထပ်နေမှုများအား Cross Check စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ ၊ ပြည်နယ်ရွေးကောက်ပွဲ အရာရှိသူရိန်ထွဋ်၊ ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေများ တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ နှင့် အဖွဲ့သည် ပေါက်တောမြို့ရှိ လောကထိပ်ပန် ဆုတောင်းပြည့် ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)