သံတွဲ ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၌ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က သံတွဲမြို့၊ အ.ထ.က(၁)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်က အဖွင့်အမှာစကားပြောကြားရာ၌ လူဦးရေစာရင်းမှန်ကန်စေရေး၊ အိမ်ထောင်စုလူဦးရေစာရင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့် အမှားယွင်းမရှိဆောင်ရွက်နိုင်ရေး၊ သံတွဲမြို့နယ်အတွင်း စာရင်းဖြည့်သွင်းပြီး အိမ်ထောင်စုပေါင်း(၃၉၂၄၅)စုကို တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့များမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်ပြီး ဇန်နဝါရီလကုန်ထိကောက်ယူသွားမည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်အဖွဲ့ပေါင်း(၉၇)ဖွဲ့ကိုစုဖွဲ့၍ တစ်ဖွဲ့လျှင်(၅)ဦးစီဖြင့် စုစုပေါင်းစာရင်းကောက်အဖွဲ့(၄၈၅)ဦးမှ ကွင်းဆင်းစာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် လူဦးရေစာရင်းမှန်ကန်စေရေး အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းသည် နို်ငငံတော်စီမံအုပ်ချုပ်ရေးကောင်စီရှေ့လုပ်ငန်း(၅)ရပ်အနက်မှ နောက်ဆုံးလုပ်ငန်းစဉ်(၅)အတွက် အဓိကကျသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သော လုပ်ငန်းဖြစ်သဖြင့် နိုင်ငံတော်အတွက် အရေးကြီးပြီး မဖြစ်မနေ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သောကြောင့် အထူးအရေးကြီးလုပ်ငန်းအဖြစ်ခံယူ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားပြီးနောက် မြို့နယ်(WorkingGroup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးမြင့်ဇော်က လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက် မြို့နယ်ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ မြို့နယ်(Working Group)ကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့၏ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားပြီး ယခုဖွင့်လှစ်သည့်မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းသား၊ သင်တန်းသူများအနေနှင့် သင်ကြားပို့ချမှုအပေါ်အလေးထားပြီး သင်ယူကြရန်ရှင်းလင်းပြောကြားသည်။
အဆိုပါ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်/မြို့နယ်အဆင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းလူအင်အား (၂၄၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို(၂၇-၁၂-၂၀၂၂)ရက်နေ့မှ (၂၈-၁၂-၂၀၂၂)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသား(၂၁၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)