မောင်တော ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွွင် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှု အားပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ၉ ဦးက “မိုးသို့လွင့်ပျံ လွတ်လပ်ရေးရဲ့အသံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၈ ဦးက “လွတ်လပ်ရေးအမွေထိန်းစို့လေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၆ ဦးက “ထိန်းသိမ်းစောင့်ရှောက်ကြရမည့် လွတ်လပ်ရေး”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၉ ဦးက “လွတ်လပ်ရေးနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃ ဦးက “စိန်ရတု လွတ် လပ်ရေးနေ့မှသည်”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုးခရိုင်(ပြန်/ဆက်)