ရခိုင်ပြည်နယ် မောင်တောမြို့တွင် လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူ နိုင်ရေးသင်တန်းဖွင့်လှစ်

မောင်တော  ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် နာရီအချိန်က သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက မြေပြင်ရှိနှင့် အိမ်ထောင်စု လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ် ထောင်စုလူဦးရေတစ်ခုချင်းစီအား မှန်ကန် သော စာရင်း ရရှိရေး မြေပြင်ကွင်းဆင်း ကောက်ယူရေး လုပ်ငန်းလမ်းညွှန်ချက်များ၊ လူဦးရေစာရင်း မြေပြင် ကွင်းဆင်းကောက် ယူရေးလုပ်ငန်းများနှင့် သင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များအား စနစ်တကျ လေ့လာသင်ယူကြစေလိုကြောင်းစသည့်တိုကို ပြောကြားခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ဦးစီးမှူး  ဦးထွန်းလှဇံက လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦး ကံထွန်းအောင်နှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများ   ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများနှင့် တာ၀န်ရှိသူများတက် ရောက်ခဲ့ကြ သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ ၁၁၇ ဦး တက်ရောက် သင်ယူ လျက်ရှိပြီး သင်တန်း ကာလမှာ ရက်ကြာပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကိုပို့ချေပေးပြီးပါက မြို့နယ်အတွင်း လူဦးရေစာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦး ရေစာရင်း မြေပြင်ကွင်း ဆင်းကောက်ယူခြင်း လုပ်ငန်းကို  ခရိုင်ဦးစီးကော်မတီမှ ကြီးကြပ်၍ မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီမှဦးဆောင်၍ ရပ်ကွက်/ ကျေးရွာ အုပ်စုစာရင်း ကောက် အဖွဲ့များက တစ်အိမ်တက်၊ တစ်အိမ်ဆင်းကွင်းဆင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်းသိရသည်။

သက်လွင်စိုး အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)