မြောက်ဦးမြို့၌ (Working Group) မြေမြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ အိမ်ထောင်စုလူဦးရေမြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မြောက်ဦး ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ (Working Group) မြေမြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော် မတီ၏အိမ်ထောင်စုလူဦး ရေမြေပြင်ကွင်း ဆင်းစာရင်း ကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားတွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးစိုးစိုးသက် မှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ မြို့နယ် (Working Group ) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးရဲထွန်းက  လူဦးရေးစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးရန်အတွက် မြို့နယ် ရပ်ကွက် /ကျေးရွာ အုပ်စုများတွင် မြေပြင်ကွင်းဆင်းစောရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီနှင့် မြေပြင် ကွင်းဆင်းကောက်ယူရေးအဖွဲ့ မြို့နယ် (Working Group) ကို ဖွဲ့စည်းပြီးဖြစ်ရာ အဆိုပါအဖွဲ့၏ ဆောင်ရွက်ရမည့်ကိစ္စရပ်နှင့်ပတ်သက်၍ အသေးစိတ်ပြောကြားပြီး မြို့နယ် အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း.သားများအနေဖြင့် သင်ကြားပို့ချမှုအပေါ် အလေးထား သင်ယူကြရန် စသည်တို့ကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြောက်ဦးမြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ စာရင်းများကွင်းဆင်းကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် ( ပြန် / ဆက်)