တောင်ကုတ်မြို့နယ်၌ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်း သင်တန်းဖွင့်

တောင်ကုတ် ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း မြို့နယ်အဆင့်စာရင်းကောက်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြားပြီးနောက် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးက သင်တန်းဖွင့်လှစ် ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခမ်းအနားသို့တက်ရောက်လာကြသည့် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တို နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား၊ သင်တန်းသူ (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် မြို့နယ် အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ယူခြင်းကို ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီ(၉) ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)