မာန်အောင်မြို့နယ်တွင်  မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မာန်အောင် ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့နယ်၌ မြို့နယ် (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ဖွင့်လှစ်သည့် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်  ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် လူဦးရေ စာရင်း မှန်ကန်ရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူနိုင်ရန်အတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် အလေးထားသင်ယူကြရန် ပြောကြားပြီး မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဟိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်အဆင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများစုစုပေါင်းအင်အား(၁၅၀)ဦးတက်ရောက်ခဲ့ကြသည်။ ယင်းသင်တန်းတွင် သင်တန်းနည်းပြဆရာ(၄)ဦးက သင်တန်းသား/သူ(၁၂၉)ဦးအား တစ်ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)