ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို) စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

ကျောက်ဖြူ ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ (အကြို) စာစီစာကုံးပြိုင်ပွဲ၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ စိန်ရတုလွတ်လပ်ရေးနေ့(အကြို) စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ “မိုးသို့လွင့်ပျံ လွတ်လပ်ရေးရဲ့အသံ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးမှလည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၉)ဦးမှလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးအမွေ” ခေါင်းစဉ်ဖြင့် ကျောင်းသား(၁)ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “စိန်ရတုလွတ်လပ်ရေးနေ့မှသည်” ကျောင်းသူ(၃)ဦးမှလည်းကောင်း၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် “ထိန်းသိမ်းစောင့်ရှောက်ကြရမည့် လွတ်လပ်ရေး” အထက်တန်းအဆင့် (၂)ဦး၊ စုစုပေါင်း အထက်တန်းအဆင့်တွင်(၁၄)ဦး၊ အလယ်တန်းအဆင့်တွင် (၁၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

၎င်းပြိုင်ပွဲများတွင် ဆုရရှိသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း