ပုဏ္ဏားကျွန်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း (Booster Dose) ဆက်လက်ထိုးနှံ

ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၁၂ နှစ်အထက် ကျောင်းသား/သူများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူဆေးရုံး၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့်ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်ရည်ရွယ်၍  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး (၂)ကြိမ် ဆက်တိုက်ထိုးနှံပြီးစီးမှု ခြောက်လပြည့်သော အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား /သူများနှင့်အသက်(၁၈)နှစ်အထက်ရှိ ဒေသခံပြည်သူများ ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလခြောက်လပြည့်သည့် အသက် ၁၂နှစ်အထက် ကျောင်းသား/သူများနှင့် ၁၈ နှစ် အထက်ဒေသခံပြည်သူ ၉ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း(Booster Dose)အား ထိုးနှံ ပေးခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့အထိ၊ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၂၇၁၁၉)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)