မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘူးသီးတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မောင်တော ဒီဇင်ဘာ  ၂၇

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား  ယမန်နေ့ နေ့လယ်ပိုင်းက မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ 

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့ တောင်ရပ်ကွက်တွင် TTTI ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သာယာဝတီလမ်း အလျား ၅၈၀ ပေ ၊ အနံ ၁၆ ပေ ၊ အမြင့် ၈ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၊ အဂ္ဂဘုမ္မိဘုန်းတော်ကြီးကျောင်းတိုက် လမ်း အလျား ၃၇၅ ပေ ၊ အနံ ၁၂ ပေ၊ အမြင့် ၈ လက်မ ရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ စိုင်းဒင်အားမာန်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော မေဃဝတီလမ်း အလျား ၁၁၂၀ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၈ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့်  Boxculvart အလျား ၂၀ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၈ လက်မ တည်ဆောက်ခြင်းအားလည်းကောင်း၊ ဘူးသီးတောင်-အငူမော်ကားလမ်းမပေါ်၌ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Boxculvart အလျား ၃၄၄၅ ပေ ၊ အနံ ၁၈ ပေ၊ အမြင့် ၉ လက်မ တည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း  စံချိန်၊ စံညွန်း အရည်အသွေး ပြည့်မှီစွာဖြင့် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး