မောင်တော ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ နေ့လယ်ပိုင်းက မောင်တောခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့ တောင်ရပ်ကွက်တွင် TTTI ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် သာယာဝတီလမ်း အလျား ၅၈၀ ပေ၊ အနံ ၁၆ ပေ၊ အမြင့် ၈ လက်မရှိ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်း၊ အဂ္ဂဘုမ္မိဘုန်းတော်ကြီးကျောင်း တိုက်လမ်အလျား ၃၇၅ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၈ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊စိုင်းဒင်အားမာန် ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော မေဃဝတီ လမ်းအလျား ၁၁၂၀ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၈ လက်မကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် Boxculvart အလျား ၂၀ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၈ လက်မတည်ဆောက်ခြင်းအား လည်းကောင်း၊ ဘူးသီးတောင်-အငူမော်ကားလမ်းမပေါ်၌ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Boxculvart အလျား ၃၄၄၅ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၉ လက်မတည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စံချိန်၊စံညွန်း အရည် အသွေး ပြည့်မှီစွာဖြင့် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)