မောင်တော ဒီဇင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီး ဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန် မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မောင်တောခရိုင် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်းလှိုင် ဦးဆောင်၍တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့တို့မှ မြို့မဈေး ကြီးအတွင်းရှိ ဈေးဆိုင်များတွင် ဈေးရောင်းချသူများအနေဖြင့် မီးဘေးလုံခြုံရေး၊ မီးကို စနစ်တကျသုံးစွဲကြရေး၊ မီးဘေးမပေါ့ကြစေရန်နှင့် ဈေးအတွင်း မတော်တဆမီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ်ဆေးဘူးဖြင့် စနစ်တကျဖြင့် မီးငြှိမ်းသတ်မှုများ၊ ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများတွင် (လေပေါင်)ရှိ/မရှိ၊ သဲအိတ်များ၊ ရေပုံး၊ ရေပိုက်ခေါင်းများ၊ မီးသတ်ဆေးဘူးများအား အလွယ်အတူအသုံးပြုနိုင်ရန် အဆင်သင့် ဆောင်ရွက်ထားရှိရေး၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်စေရေး၊ ရေစုကန်များအတွင်း ရေလုံလောက်စွာရှိ/မရှိ၊ အပေါ့စားရေစုပ် အားကောင်း/မကောင်းစစ်ဆေးပြီးဈေး အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးအကြုံပြုခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)