ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ဆောင်ရွက်

ရသေ့တောင် ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

 ရှေးဦးစွာ ဒုတိယဦးဒေါ်တင်ဇာဦးကအခုလိုအသိပညာပေး Talk Show များဆောင်ရွက် ရခြင်းမှာ အများပြည်သူတို့အသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ် ကြောင်းရှင်းပြပြီး မြိုနယ်မီးသတ် ဦးစီးအရာရှိဦးလူမော်က ဌာန၏ ရည်မှန်းချက်တာဝန်များ မီးဘေး အန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးစနစ်များ၊ သဘာဝဘေးနှင့် ပတ်သက်၍ ပြည်သူများလိုက်နာသင့်သည့်အချက်များ၊ သတိပေးချက်နှင့် သတင်း အချက်အလက်များ၏ ကွဲပြားမှုအခြေအနေတို့နှင့် မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစဉ်များ အားအကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြပါသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)