ရခိုင်ပြည်နယ်မောင်တောမြို့၌   (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအား ကစားပြိုင်ပွဲများကျင်းပ

မောင်တော   ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေး နှင့် လေ့ ကျင့်ရေး ဦးစီးဌာန ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့အထိမ်းအမှတ် အကြိုကျောင်းတွင်း အားကစားပြိုင် ပွဲများကို ယမန်နေ့ ညနေပိုင်းမှ စ၍  အဆိုပါကျောင်း အား ကစား ကွင်းအတွင်း ကျင်းပပြုလုပ် လျက်ရှိသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့အထိမ်းအမှတ် အကြို ကျောင်းတွင်း အားကစား ပြိုင်ပွဲ များ ဖြစ်သော ဖူဆယ်ဘောလုံး၊ ခြင်းလုံး၊ ထုတ်ဆီးထိုး၊ အာလူးကောက်၊ စကောရွက် ၊ လက်ချင်းဆက်ပြေးခြင်း စသည့်ပြိုင်ပွဲများကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ  ကျောင်းသား ၊ကျောင်းသူများအား အတန်းလိုက် ကျား၊ မခွဲကာ အသင်းလိုက် ယှဉ်ပြိုင် ကစားလျက်ရှိပြီး အနိုင်ရရှိ သည့် အသင်း များအား ကျောင်းတွင်း ဆုချီးမြှင့်ပေးမည်ဖြစ်သည်။ မောင်တောမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း  ၁၈၆ ဦး ပညာသင်ယူ လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)