အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

အမ်း   ဒီဇင်ဘာ   ၂၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေးအထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အောက်ရွာကျေးရွာအုပ်စုတပ်နယ်စျေးရှေ့၌ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  တာဝန်ရှိသူများနှင့်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ စားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များအား အမ်းတပ်နယ်မှတာဝန်ရှိသူများက   ဆန်၊ ဆီ၊ ဝတ်သား၊ ကြက်သား၊ ဒေသကြက်၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးမုတ်၊ ကြက်ဥ၊ နွားနို့၊ ပဲ၊ အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်၊ စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဥ်ဘူး၊ ငါးသလောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိကြော်၊  ကန်စွန်းရွက်၊ ချဉ်ပေါင်စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ  စျေးဝယ်သူဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

စိုးမင်းထွန်း