ကျောက်တော် ဒီဇင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ သွားရောက်၍ ယနေ့ နေ့လယ် ၁ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်အေးကျော့လှိုင်နှင့် ဝန်ထမ်းများ က ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များကို စာအုပ်စာပေ အလွယ် တကူ ဖတ်ရှု့လေ့လာနိုင်ရန်ရည်ရွယ်၍ အပတ်စဉ် စာအုပ်၊ စာစောင်အသစ်များအား စာဖတ်ပရိ သတ်များ ကြိုက်နှစ်သက်သည့် သုတ/ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိတ်သတ်များ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း