ကာလိ ဒီဇင်ဘာလ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး (Talk Show)ကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ Online မှတဆင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်လွင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သတ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး ၊ရာသီဥတုကောင်းမွန်စေရေး၊ အပူဒဏ်ကာကွယ်စေရေး၊ သစ်တောသစ်ပင်များ တန်ဖိုးထား တတ်စေရေးအတွက် ပြည်သူလူထုမှ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပြီး ထိန်းသိမ်းသင့်ကြောင်း၊ သဘာဝသစ်တောများ ထိန်းသိမ်းခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းများ လုပ်ဆောင်ပါက မြေဆီ၊ မြေလွှာများ ကောင်းမွန်ပြီး မြေအောက်ရေများရရှိကာ ကောက်ပဲသီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး နိုင်ငံသာယာဝပြောလာမှာဖြစ်ကြောင်း၊ ရာသီဥတုကောင်းမွန်ရေးအတွက် သစ်တောသစ်ပင်များထိန်းသိမ်းပြီး၊ သစ်တောများဖြစ်ထွန်းလာပါက မြေဆီလွှာ ထိန်းသိမ်းရေးသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူနေသတ္တဝါအားလုံး အသက်ရှင်နေထိုင်မှုအတွက် သစ်တောသစ်ပင်များ ထိန်းသိမ်းသင့်ကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် Onlineမှတဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ ပြန်/ဆက်)