တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

တောင်ကုတ်  ဒီဇင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အမှတ်(၄)၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက စိန်လာထွန်းလီ သီချင်းဖြင့် ကပြတင်ဆက်ပြီးနောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  အဂ္ဂမဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ် မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ဖတ် ကြားသည်။

ထို့နောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ဆုချီးမြှင့်ပေးကြပြီးနောက် ဆုရကျောင်းသား၊ ‌ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဆုရပန်းချီများနှင့် စာစီစာကုံးများကို ကြည့်ရှုကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ဆုရကျောင်းသား၊ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ရပ်ကွက် အုပ်ချုပ် ရေးမှူးများတက် ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်