မာန်အောင် ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်း ခြောက်သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲ အဖြစ်ဌာနပေါင်းစုံ(၂)အသင်းနှင့်ပညာရေးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးအသင်းက ဌာနပေါင်းစုံ(၂)အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိသွားပြီး ဆုရရှိသည့် အသင်းများအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ကျင်းပရာ အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)