ဘူးသီးတောင် ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူစုစုပေါင်း ( ၂၅၀) ဦး တက်ရောက်ကြသည်။
ရှေ့ဦးစွာ အခမ်းအနား ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၂ ခုနှစ်၊ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက ဖတ်ကြားပြီးနောက် အခမ်းအနားပြီးဆုံးကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ချောတိုင်တက်ပြိုင်ပွဲ၊ ကျားလတ်မီတာ (၁၀၀) ပြိုင်ပွဲ၊ မလတ်မီတာ(၁၀၀)ပြိုင်ပွဲ၊ မလတ်ကွမ်းသီးကောက်ပြိုင်ပွဲ၊ ကျားငယ်/မငယ် မုန်းကိုက်ပြိုင်ပွဲနှင့် သံဗုံးရိုက်ပြိင်ပွဲ စသည့် ပြိုင်ပွဲများ ပါဝင်သည့် ပြိုင်ပွဲ (၉) မျိုးကို ဘူးသီးတောင်မြို့ မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိရာ ပြိုင်ပွဲအသီးသီးမှ ပထမဆု ဒုတိယဆု တတိယဆု ရရှိခဲ့ကြသော ပြိုင်ပွဲ၀င်အသင်းများအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိပုဂ္ဂိုလ်များမှ တက်ရောက်ပြီး ဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)