သံတွဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူုဒါန်းပွဲ ကျင်းပ

သံတွဲ  ဒီဇင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ စေတနာရှင်သွေးလှူရှင်အသင်းများ စုပေါင်းကျင်းပသည့်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က သံတွဲ ခရိုင်ကုတင် (၁၀၀)ပြည်သူ့ဆေးရုံ သွေးလှူဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့သွေးလှူဒါန်းရာတွင် ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ မြပြင်ရပ်ကွက်၊ လင်းသာရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်များမှ သွေးလှူရှင်အသင်းများ၊ မီးသတ်ဦးစီးဌာန၊ အကျဉ်းဦးစီး ဌာန၊အမှတ်(၂၄)ယာဉ် ထိန်းရဲတပ်ဖွဲ့စုနှင့် သံတွဲမြို့ပေါ်ရှိ စေတနာရှင်သွေးလှူရှင် အသင်းများ စုပေါင်း ၍ သွေးအလုံးပေါင်း (၃၁)လုံးလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများတက်ရောက် အားပေးစကား ပြောကြားပြီး သွေးလှူရှင်များအား ကြက်ဥနှင့်အဟာရဖြည့်အစားအစာများနှင့်အားဆေးများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်